Photoshop Shape Install Guide
ပထမနည်းလမ်း
ဒါကတော့ Download ရလာတဲ့ .csh ဆိုတဲ့ Shape File လေးပါ။(Shape File csh မရှိသေးဘူးဆိုရင်တော့ ဒီနေရာမှာ ဒေါင်ယူပါ)။ သူ့ကို Install လုပ်မယ်ဆိုရင်တော့ Adobe Photoshop Program ကိုဖွင့်လိုက်ပါ။ Custom Shape Tool(U) ဆိုတာလေးကို ယူလိုက်ပါ။
ပီးရင်တော့ ......... ပုံထဲမှာပြထားသလို အစဉ်လိုက်လုပ်သွားပါ။
Custom Shape >> Click to open custom shape picker >> Option(right arrow) >> Load Shapes အတိုင်းသွားလိုက်ပါ။ Load Shapes.... ကိုကလစ်လိုက်ပီးရင်တော့ Shapes file ရှိတဲ့နေရာလေးကိုသွားပီးတော့ .csh shape File လေးကို Load လုပ်လိုက်ပါ။
ဒါဆိုရင်တော့ Shape တွေကိုအောင်မြင်စွာထည့်လို့ပီးသွားပါ...........
ဒုတိယနည်းလမ်း
Photoshop Program ထဲကနေ Edit ထဲကနေ Preset Manager ကိုရွေးချယ်လိုက်ပါ.........
Preset Manager ထဲကိုရောက်ရင် Install လုပ်နိုင်တာတွေအများကြီးပါ။ Brush, Gradients, Styles ...။
Preset Type မှာ Custom Shapes ကိုရွေးပေးလိုက်ပါ။
ပီးရင်တော့ Load ကိုလကစ်လိုက်ပါ.........
Download ရလာသော .csh ဖိုင်လေးကိုရွေးပေးပီး Open လုပ်ပါ......
ဒါဆိုရင်တော့ Shapes တွေအများကြီးရောက်လာပါလိမ့်မယ်..........
အားလုံးပဲအဆင်ပြေပါစေ..............
0 comments:
Post a Comment